မာတိကာသို့ ခုန်သွားရန်

Dictionary.com

ဝီကီပီးဒီးယား မှ
Dictionary.com
ဝဘ်ဆိုဒ် အမျိုးအစား
အဘိဓာန်
ဖတ်ရှုရရှိနိုင်မှုအင်္ဂလိပ်
ပိုင်ဆိုင်သူRock Holdings
ဖန်တီးသူဘရိုင်ယန် ကာရီဂါ
ဒန်နီယယ် ဖီရေးရို
ဝဘ်ဆိုဒ်dictionary.com
စီးပွားရေးYes
လွှင့်တင်ခြင်းမေ ၁၄၊ ၁၉၉၅; ၃၁ နှစ် အကြာက (၁၉၉၅-၀၅-14)

Dictionary.comသည် အွန်လိုင်းအဘိဓာန်ဖြစ်ပြီး ၎င်း၏ ဒိုမိန်းကို ၁၉၉၅ ခုနှစ် မေလ ၁၄ ရက်နေ့တွင် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။[၁] Dictionary.com တွင် ပါဝင်သော အကြောင်းအရာများသည် Random House Unabridged Dictionary ၏ နောက်ဆုံးထုတ်ဗားရှင်းပေါ်တွင် အခြေတည်ထားခြင်းဖြစ်သည်။[၂][၃] နောက်ထပ် ထပ်ဖြည့်သောအကြောင်းအရာများမှ Collins English Dictionary၊ American Heritage Dictionary နှင့် အခြားသော အဘိဓာန်တို့မှ ယူထားခြင်းဖြစ်သည်။[၄]

သမိုင်း

[ပြင်ဆင်ရန်]

Dictionary.com ကို ဘရိုင်ယန် ကာရီဂါနှင့် ဒန်နီယယ် ဖီရေးရိုတို့မှ Lexico Publishing ၏ အစိတ်အပိုင်းတစ်ခုအဖြစ် Thesaurus.com နှင့် Reference.com တို့နှင့်အတူ တည်ထောင်ခဲ့ခြင်းဖြစ်သည်။[၅] ထိုဝဘ်ဆိုဒ်လွှတ်တင်စဉ်အချိန်က ဤဆိုဒ်သည် ယုံကြည်ဖွယ်ရာ ကိုးကားမှုပြုနိုင်သော ဆိုဒ်များထဲမှ တစ်ခုဖြစ်ခဲ့သည်။[၆] ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် Lexico Publishing Group ကို Ask.com( IAC company) မှ ရယူခဲ့ပြီး[၇] Dictionary.com(LLC) ကို အမည်ပြောင်းလဲခြင်းများ ပြုလုပ်ခဲ့သည်။[၈] ၂၀၁၈ ခုနှစ်တွင် IAC သည် Dictionary.com နှင့် Thesaurus.com တို့ကို Rock Holdings သို့ရောင်းချခဲ့သည်။[၉] ရောင်းခဲ့စဉ်အချိန်က Dictionary.com သည် ဝဘ်ဆိုဒ်များအား ခြေရာခံခြင်းကို ပြုလုပ်သည့် SimilarWeb ၏ အဆိုအရ အမေရိကန်ပြည်ထောင်စုတွင် လူသုံးအများဆုံးသော ဝဘ်ဆိုဒ်ဖြစ်ခဲ့သည်။[၉] ၂၀၁၅ ခုနှစ်တွင် ထိုဆိုဒ်၌ စကားလုံးရှာဖွေသူ ၅.၅ ဘီလီယံခန့် အသုံးပြုခဲ့ကြသည်ဟု ခန့်မှန်းခဲ့ကြသည်။[၁၀]

ကိုးကား

[ပြင်ဆင်ရန်]
  1. ↑ Dictionary.com WHOIS, DNS, & Domain Info - DomainTools။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  2. ↑ Herman၊ Barbara (May 12, 2015)။ Deep Web, Revenge Porn And Microaggression Are Just Some of Dictionary.com's Latest Additions။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  3. ↑ Treisman၊ Rachel (2020-09-03)။ Dictionary.com's Largest Update (Re)defines Thousands Of Words, Focusing On Identity။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  4. ↑ Perlman၊ Merrill (April 29, 2019)။ Dictionaries recently added more than 1,500 words. Here are some new entries။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  5. ↑ Lexico, Dictionary.com Being Acquired By Ask.com; Price In $100 Million Range။ Gigacom။ 17 November 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  6. ↑ Alpert၊ Lukas (March 26, 2018)။ Defining Moment for Dictionary.com - It's For Sale။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  7. ↑ Auchard၊ Eric။ "Ask.com closes acquisition of Dictionary.com"၊ Reuters၊ July 4, 2008။
  8. ↑ Amended and Restated Operating Agreement of Dictionary.com, LLC။ U.S. Securities and Exchange Commission (July 17, 2008)။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။
  9. 1 2 Reindl၊ JC (November 15, 2018)။ Cleveland Cavaliers owner Dan Gilbert just dipped into the online dictionary, thesaurus business။
  10. ↑ Stevens၊ Heidi (November 11, 2015)။ 'Mx.' instead of 'Mr.' or 'Mrs.?' It's in the dictionary now။ ဇူလိုင် ၁၇၊ ၂၀၂၁ တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ

[ပြင်ဆင်ရန်]